ဇင်းကျိုက်
(၁) တည်နေရာ
မွန်ပြည်နယ်၊သထုံခရိုင်၊ပေါင်မြို့နယ်တွင်တည်ရှိသည်.. ရန်ကုန်မှ (၂၅၅)မိုင်၊ မော်လမြိုင်မှ (၂၄)မိုင်ကွာဝေးပါသည်...
(၂) ဖြစ်ပေါ်လာပုံ
သကရာဇ် (၂၃၆) တွင် အာသောကဓမရာဇာမင်းသည် ဇင်းကျိုက်ဆံတော်ရှင်မြတ်အား ဥာဏ်တော် (၇)တောင်အမြင့် အသစ် ပြန်လည်တည်ထားကိုယ်ကွယ်ပြီး၊ အရှည်တည်တန့်စေရန်အတွက် ဘုရားခြေရင်းတွင် ရွာတည်ခဲ့သည်။ ဘုရားခြေရင်းရွာကို မွန်ဘာသာ ဖြင့် (ဇိုင်ကျာ်) ဟုခေါ်ဆိုရာ မြန်မာလို ဇင်းကျိုက် ဟုအမည်တွင်ပါသည်..
(၃) ဇင်းကျိုက်ဆံတော်ရှင်စေတီတော်မြတ်ကြီး
ဂေါတမမြတ်စွာဘုရားရှင်သည် (၈) ၀ါမြောက်တွင် သုဝဏဘူမိ သထုံပြည်သို့ကြွရောက်တရားဟောကြားတော်မူခဲ့သည်။ တိသ နှင့် သီဟရ ရသေ့ညီနောင်နှစ်ပါးတို့သည် ဂေါတမမြတ်စွာဘုရားထံ ဘုရားရှင်၏ကိုယ်စား ဆည်းကပ်ကိုးကွယ်နိုင်ရန် တောင်းပန် လျှောက်ထားမှုကြောင့် ဘုရားရှင်မှ ဆံတော်များပေးသနားတော်မူခဲ့သည်..
သကရာဇ် (၁၁၂) ခုနှစ်တွင် ရသေ့ညီနောင်နှစ်ပါးတို့ ရရှိထားသောဆံတော်များအနက် တစ်ဆူကို ဂစ်ဆဂီရိတောင်ထိပ်၌ ဌာပနာထည့်သွင်းတည်ထားကိုးကွယ်ရာတွင် နဂါးမင်းမှလည်း ၄င်း၏မျက်စိတစ်ဖက်ကို အဓိဌာန်ပြုကာ ဖြစ်ပေါ်လာသော ပတမြားကြုတ်ထဲ၌ ဆံတော်ကို ထည့်သွင်းဌာပနာတည်ခဲ့သောကြောင့် မွန်ဘာသာဖြင့် (ကျိုက်ဗလင်မွတ်နတ်) ဟုခေါ်ဆိုပြီး မြန်မာလို
နဂါးမျက်စိကွင်းဘုရားဟု အဓိပါယ်ရပါသည်။
ကျိုက်ဗလင်မွတ်နတ် ဘွဲ့အမည်မှ နောင်တွင် ကျိုက်ဗြင်နတ်၊ ကျိုက်ဂရင်နတ် ဟုအမည်တွင်ခဲ့ပြီး ယခုအခါ ဇင်းကျိုက်ဘုရား
ဟုလူသိထင်ရှာလာသည်။
No comments:
Post a Comment